ALT_IMG

Featured 1

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat. Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat Readmore...

ALT_IMG

Featured 2

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat. Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat Readmore..

Alt img

Featured 4

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat. Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat Readmore...

ALT_IMG

Featured 4

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat. Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat Readmore...

ALT_IMG

Featured 5

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat. Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat Readmore...

Showing posts with label Android နည်းပညာ. Show all posts
Showing posts with label Android နည်းပညာ. Show all posts
Sunday, 30 March 2014

i devices များအတွက် လက်တွေ့သုံးနည်းပညာ

0 comments
iphone,ipad နှင့် ipod ကိုင်ဆောင်နေကြသော i devices များအတွက် ဆရာသန်းထိုက် ရေးသားထားတဲ့ i devices များအတွက် လက်တွေ့သုံးနည်းပညာ စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်... ဒီစာအုပ်ထဲမှာ i devices နဲ့ပတ်သတ်ပြီး JailBreaking လုပ်နည်း ၊
Unlocking အသုံးပြုနည်းစတဲ့အကြောင်းအရာများကိုရေးသားထားပါတယ်... လိုချင်သူများအောက်မှာဒေါင်းပါနော်....
Continue reading →
Saturday, 29 March 2014

Android ဖုန်းအလွှာခွဲကြည့်ခြင်း

1 comments
အထက်က ပုံကတော့ Android phone တစ်လုံး ကို အလွှာခွဲပီး နားလည်လွယ်အောင်ဆွဲပြထားတာပါ၊

Hardware အလွှာ

အထက်က ပုံရဲ့ မြားပြထားတဲ့ အစိတ်အပိုင်းကတော့ ဖုန်း Hardwares တွေကိုဖော်ညွန်းထားပါတယ်၊ အတိအကျတူညီမှာမဟုတ်ပေးမယ့် နားလည်လွယ်အောင် ဆွဲထားပေးတာပါ၊ Hardware အပိုင်းထဲမှာ ဖုန်း မျက်နှာပြင်၊ အသံအနိမ့်အမြင့် Button, Camera, CPU စသဖြင့် ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေအားလုံးပါပါမယ်၊ ဒီလို Hardware ပိုင်းဆိုင်ရာ ရွေးချယ် တည်ဆောက်မှူ က ကုမ္မဏီတစ်ခုနဲ့ တစ်ခု မတူပါဘူး၊ ဒီလိုဘဲ ဖုန်းတစ်လုံးထဲမှာတောင် အသုံးပြုတဲ့ Hardware တွေတစ်ခုနဲ့ တစ်ခု ထုတ်လုပ်တဲ့ ကုမ္မဏီ မတူပါဘူး၊ ဥပမာ CPU မှာ Exynos သုံးတဲ့ ဖုန်းရှိသလို Snapdragon သုံးတဲ့ဖုန်းလဲရှိပါတယ်၊ Radios အတွက် CDMA သုံးတဲ့ဖုန်း GSM သုံးတဲ့ ဖုန်း LTE သုံးတဲ့ဖုန်း နှစ်ခုတွဲသုံးတဲ့ဖုန်း ဆိုပီးရှိပါတယ်၊
Libraries

အကယ်၍ မိတ်ဆွေ Application တစ်ခုရေးချင်တယ်၊ ရေးတဲ့ Application က camera အသုံးပြုပြီး ဓါတ်ပုံရိုက်နိုင်တဲ့ Application ဖြစ်မယ်၊ ဓါတ်ပုံ ရိုက်မယ့် Application ဖြစ်တဲ့ အတွက် LED Flash ကို ဖွင့်နိုင်တဲ့ Function တစ်ခုပါအောင်ရေးရမယ်၊ ရေးတဲ့ အခါလဲ Hardware ဖြစ်တဲ့ Camera component နားလည်အောင် machine code နဲ့ ရေးရမယ်၊ ရေးပီးပီပဲထားပါတော့၊ အားလုံးလဲ အဆင်ပြေပြေအလုပ်လုပ်နေပီပဲထားပါတော့၊ ပြသနာ တစ်ခုက မိတ်ဆွေရေးတဲ့ Application မှာ camera သုံးပီး ဓါတ်ပုံရိုက်နိုင်တဲ့ Function ပါသလို သူများတွေရေးထားတဲ့ Application တွေမှာလဲ Camera သုံးတဲ့ Function တွေပါလာနိုင်ပါတယ်၊ ဒီလို Camera သုံးတဲ့ Application 5 ခုရှိတယ်ဆိုရင် machine code လဲ ငါးခုစာရှိနေမယ်၊ ဒီတော့ camera ဖွင့်တယ် ဆိုတဲ့ အလုပ်တစ်ခုထဲ အတွက် ကုတ်က ငါးခုစာရှိနေမယ်ဆိုတဲ့ သဘောပေါ့၊ ဒီကုတ်တွေများတာက applications တွေ အလုပ်လုပ်တဲ့ အခါ မှာ အရမ်းကိုနှေး သွားစေပါတယ်၊

အထက်ကလို ရည်ရွယ်ချက်တူညီ လုပ်ရပ်တူညီတဲ့ အလုပ်တစ်ခုကို လုပ်တဲ့ Application တစ်ခုစီက machine code တစ်မျိုးစီရေးတဲ့ ပြသနာကို ဖြေရှင်းဖို့ အတွက် Android မှာ Libraries တွေပါလာပါတယ်၊ Libraries တွေထဲမှာ Android Action တစ်ခုစီတိုင်း Intent တစ်ခုစီတိုင်း အတွက် machine code တွေ ကြိုရေးထားပါတယ်၊ သဘောက Application Developer တွေက Camera Application တစ်ခုကိုရေးချင်တယ်ဆိုရင် Camera Hardware ကို အလုပ်ခိုင်းဖို့ machine code တွေကို သီးသန့်ရေးနေစရာ မလိုတော့ပဲနဲ့ Library ထဲမှာရှိတဲ့ သက်ဆိုင်တဲ့ Camera အတွက် Machine code ကို ခေါ်လိုက်ရုံပဲလိုတော့တယ်၊ ဒီလို Library ထဲမှာရှိပီးသား Machine Code ကိုခေါ်သုံးနိုင်ပီဖြစ်တဲ့ အတွက် အတွက် Camera သုံးတဲ့ Applications တွေအားလုံးက Library ထဲက ရှိပီးသား Machine Code ကိုပဲ ခေါ်သုံးရုံ မျှသုံးရုံပဲ၊ တစ်ခု အတွက် သီးသန့် တစ်ခါပြန်ရေးစရာမလိုတော့ဘူး၊ သုံးချင်ရင် ခေါ်သုံးတတ်ဖို့ပဲလိုတယ်၊ ခေါ်သုံးဖို့က Java မှာ Class တွေအများ အများ ကြီးရှိတယ်၊

Windows OS မှာသုံးတဲ့ libraries ဖိုင်တွေကို .dll ( Dynamic Linked Libraries ) တွေ အနေနဲ့ တွေ့ရမှာဖြစ်ပီး Linux OS နဲ့ Android မှာတော့ os ( Shared Object ) ဖိုင်တွေ အနေနဲ့ တွေ့ ရမှာပါ၊ Java မှာ ကုတ်ရေးရင် .jar libraries တွေကို Class အနေနဲ့ import လုပ်ရပါတယ်၊ Adnroid phone မှာလဲ မဖြစ်မနေ အမြဲသုံးရတဲ့ libraries တွေရှိပါတယ်၊ မဖြစ်မနေဆိုမှာ တကယ့် မဖြစ်မနေပါ၊ သူတို့ကို မသုံးရင် ROM က Boot တက်မှာ မဟုတ်တော့ ပါဘူး၊


Kernel အလွှာ

Kernel အကြောင်းကို အခြား ပိုစ့်တွေမှာရှင်းထားတာ ရှိပါတယ်၊ သွားဖတ်ပေးပါ၊

Dalvik Virtual Machine

Dalvik Virtual Machine က Java ဘာသာရပ်နဲ့ ရေးထားတဲ့ code တွေ application တွေကို Run ပေးပါတယ်၊ Java compiler က text ဖိုင်မှာရေးထားတဲ့ ဖိုင်တွေကို Bytecode အဖြစ်ပြောင်းပေးတယ်၊ ရလာတဲ့ Bytecode တွေကို .dex ဖိုင်တွေဖြစ်အောင် compile လုပ်တယ်၊ Dalvik VM က .dex ဖိုင်တွေကို ဖတ်နိုင်တယ်၊

Eclipe သို့ Java IDE နဲ့ ရေးထားတဲ့ class ဖိုင်တွေကို .dex ဖိုင်တွေဖြစ်အောင် javac (java compiler) နဲ့ compile လုပ်တယ် (.dex ဖိုင်တွေက .jar ဖိုင်တွေနဲ့တူတယ်)၊ .dex ဖိုင်တွေကို Dalvik VM က Run ပီး .obj ဖိုင် အဖြစ်ပြောင်းပေးတယ်၊ ဒီ Object ဖိုင်တွေကိုတော့ Kernel က နားလည်ပီး နောက်ပိုင်း အလုပ်ဆက်လုပ်တယ်၊ (တကယ်တော့ Dalvik VM အကြောင်းကို အသေးစိတ်ပြောရင် စိတ်ဝင်စားစရာ အလွန့်အလွန်ကောင်း သလို Java ကို Sun ကုမ္မဏီ က ၀ယ်လိုက်တဲ့ Oracle နဲ့ Google ကြား Dalvik VM အကြောင်း အငြင်းပွားမူကလဲ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်၊ Java Virtual Machine ကို Mobile နဲ့ သင့်တော်အောင် Develop လုပ်လိုက်ရာမှ ပိုမြန်ပီးပိုကောင်းလားတဲ့ ရလဒ်ဖြစ်တဲ့ Dalvik Virtual Machine ရဲ့ Apache Harmony project က စပီး ကုတ်တွေနဲ့ တည်ဆောက်ပုံကိုပါနောက်ပိုင်း အသေးစိတ်ရေးမယ်၊)

Application Framework

Application Framework ရဲ့ အပေါ်မှာတော့ Applications Layer ပါရှိပါတယ်၊ အချို့ Application တွေကတော့ System Applicatoins တွေဖြစ်ပီး မူတူညီတဲ့ ၀င်ဆောင်မှူ တွေကိုပေးနိုင်ပါတယ်၊ ဥပမာ အားဖြင့် Applications တိုင်းရဲ့ Manifast ထဲမှာ မပါမဖြစ်ပါရတဲ့ Launcher ပါ၊ framework နဲ့ System ui apks တွေလဲရှိပါသေးတယ်၊ System ui apks ကတော့ Icon နဲ့ dialog box style တွေကို ဖန်တီးပေးပါတယ်၊

Applications

အပေါ်ဆုံးက ကျွန်တော်တို့ရဲ့ applications တွေပဲ၊

1. မဖြစ်မနေသုံးရတဲ့ Libraries တွေက ဘာတွေလဲ၊

2. Bootloader ကို ဘယ်လို Develop လုပ်မလဲ၊

3. ဖုန်း ကုမ္မဏီတွေက Android OS ကို ဘယ်လို အဆင့်ဆင့် စိတ်ကြိုက်
Develop လုပ်ကြလဲ၊

4. Java ဖိုင် Run တဲ့ နောက်ကွယ်က အဆင့်ဆင့် ဖြစ်စဉ်၊

5. imei ကို ဘယ်မှာ သိမ်းလဲ၊ imei နံပါတ်ကို ရှာတဲ့ Application ကို ဘယ်လို ရေးလဲ၊

6. System Font တွေအကြောင်း လေ့လာခြင်း ( မြန်မာစာ အတွက် )

7. ဖုန်းတစ်ခုလုံး Hardware အဆင့်ပဲထားပီး sofrware program တွေအားလုံး ဘယ်လို ထည့်သွင်းတည်ဆောက်မလဲ၊

8. low-level ( assambler )၊ mid-level ( Java, C#)၊ Height Level (C,C++) တို့နှင့် Android ဆက်စပ် ပုံ၊

9. embedded Program အကြောင်း၊

10. Microcontroller တွေကို ဘယ်လို ထိန်းချုပ်လဲ၊

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက ဒီမှာ ဒေါင်းလုပ်ရယူနိုင်ပါသည်....

Brighter Myanmar မှပြန်လည်ကူးယူဖေါ်ပြပါသည်.....
Continue reading →

Android ရဲ့ File System ကို နားလည်ခြင်း

0 comments
http://techblogon.com/wp-content/uploads/2013/02/partition-size-in-android-device1.jpg 
Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊ (Post တိုင်းမှာ Android ဖုန်း လို့ခြည်း ပြောနေပေမယ့် အခြား Android သုံးပစ္စည်း (Devices) တွေကိုလဲ ရည်ညွန်းပါတယ်၊

အပေါ်က ပုံမှာ Android Partitions ခွဲပုံကို တွေ့နိုင်ပါတယ်၊ အခြား Partitions တွေလဲ ရှိနိုင်ပါသေးတယ်၊ Model တစ်ခုနဲ့ တစ်ခု မတူပါဘူး၊ အထက်က Android Devices တိုင်းမှာ တော့ အထက်က ပုံမှာဖော်ပြထားတဲ့ အလွှာခြောက်မျိုး ပါကိုပါမှာပါ၊

/boot အလွှာ
/system အလွှာ
/recovery အလွှာ
/data အလွှာ
/cache အလွှာ
/misc အလွှာ

boot အလွှာက Boot.im , system အလွှာက System.img , recovery အလွှာက recovery.img အလွှာတို့က Flash လုပ်လို့ရတဲ့ အလွှာတွေပါ၊ Flash လုပ်ချင်ရင်တော့ bootloader ကို lock ဖွင့်ထားဖို့လိုအပ်ပါတယ်၊ အခြား /sdcard နဲ့ /sd-ext pratitions တွေလဲရှိပါသေးတယ်၊ /sdcard partition က Android သုံး ပစ္စည်းတိုင်းမှာ ပါပေမယ့် SD-Ext partition ကတော့ အချို့ ဖုန်းနဲ့ Android သုံး ပစ္စည်းတွေမှာပဲပါပါတယ်၊

boot အလွှာ (/boot)

Boot အလွှာကတော့ သူ့နာမည်အတိုင်း System Boot လုပ်နိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ kernel နဲ့ ramdisk တို့ပါတယ်၊ ဒီ Boot အလွှာ မပါရင် ဘယ်ဖုန်းက နိုးလို့ရတော့မှာမဟုတ်ဘူး အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး၊ Recovery အလွှာကနေ ပီး လိုအပ်ရင် Boot အလွှာကို ပြန်ရေးနိုင်ပါတယ်၊လိုအပ်လို့R့ecoveryကနေBootအလွှာကိုပြန်ရေးမယ်ဆိုရင်အသစ်ရေးတာမပီးခင်Bootပြန်လုပ်တာမျိုးမဖြစ်သင့်ပါဘူး၊

System အလွှာ(/system)

System ဆိုတဲ့ နာမည်အတိုင်းပါပဲ ဒီအလွှာမှာ Android OS (Operation System) တစ်ခုလံးပါပါတယ်၊ ဒီထဲမှာ Android GUI ( Graphic User Interface ) လို့ ခေါ်တဲ့ အသုံးပြုသူ မြင်နိုင် တွေ့နိုင် interact ( နှိပ်တာတို့ ထိတာတို့ ) လုပ်နိုင်တဲ့ appliactions တွေအားလုံးပါပါတယ်၊ ဒီ အလွှာကို ဖျက်ပစ်ခြင်း က Adnroid OS တစ်ခုလုံးကို ဖြတ်ပစ်တာဖြစ်ပါတယ်၊ recovery ကနေ ဖြစ်စေ ROM တစ်ခုကို bootloader ကနေ Install လုပ်ခြင်းဖြစ်စေ OS ပြန်တင်နိုင်ပါတယ်၊

Recovery အလွှာ(/recovery)

ဒီ အလွှာ ကတော့ Backup အတွက် သီးသန့်ထားတာပါ၊ ဖုန်းမှာ တစ်စုံတစ်ခု အမှား လုပ်ပီး တစ်ခုခု အကြီး အကျယ် ပျက်စီးသွားခဲ့ရင် Recovery ပြန်လုပ်ခြင်းဖြင့် Android System ကို ပြန်ပီး ပြုပြင်ပေးပါလိမ့်မယ်၊ Recovery အလွှာကို Boot အလွှာလို System restore လုပ်နိုင်တဲ့ အလွှာဖြစ်တဲ့ အတွက် သူကို Alternative Boot လို့လဲ လူသိများတယ်၊ Recovery လုပ်ရင် recovery console ကနေ Phone က Boot လုပ်စေပီး System ပြုပြင်ခြင်း ကိုလုပ်ပါလိမ့်မယ်၊

dataအလွှာ(/data)

data အလွှာမှာ userdata တွေ ဖြစ်တဲ့ contacts , sms, setting နဲ့ applications တွေအားလုံးကိုသိုလှောင်ထားတယ်၊ factory reset ပြန်ချရင် ဒီ data အလွှာ ထဲက တန်ဖိုးတွေအားလုံး ဖျက်ပစ်ပါလိမ့်မယ်၊ ဒါဆိုရင်တော့ ဖုန်းဝယ်တုန်း က အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်၊ ဒါမှမဟုတ်ရင်
Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊ (Post တိုင်းမှာ Android ဖုန်း လို့ခြည်း ပြောနေပေမယ့် အခြား Android သုံးပစ္စည်း (Devices) တွေကိုလဲ ရည်ညွန်းပါတယ်၊

cache အလွှာ(/cache)

cache အလွှာ ကတော့ အားလုံး သိထားပီးသားဖြစ်တဲ့တိုင်း အသုံးပြုတာများတဲ့ data တွေနဲ့ application Components တွေကို သိုလှောင်တဲ့ နေရာပါ၊ cache ကိုဖြတ်လိုက်ရင်တော့ မှတ်ထားတဲ့ မှတ်သားမှူတွေကိုဖြတ်ပစ်မှာ ဖြစ်ပါတယ်၊ applications တွေကိုဖြတ်တာမဟုတ်ဘူးဆိုတာတော့ သဘောပေါက်သင့်ပါတယ်၊ အကယ်၍ cache ထဲက မှတ်ထားသမျှ ကိုဖြတ် ပစ်ရင်တောင် ဖြတ်ပီးနောက်ပိုင်း ပြန်သုံးရင် သုံးသမျှကို ပြန်မှတ်နေဦးမှာပါ၊

miscအလွှာ(/misc)

ဒီ Partition ထဲမှာတော့ ဖုန်း ရဲ့ System Setting တွေအားလုံးကို ဖုန်းအသုံးပြုသူ ပြုပြင်ပြောင်းလဲ ထားတဲ့ အတိုင်း သိမ်းပေးထားပါတယ်၊ ဒီ အလွှာ မှာ CID (Carrier / Region ID) setting တို့ USB configuration တို့ ကို Setting ပြောင်းထားတာပါပါတယ် အခြား System Setting တွေအားလုံးကို လဲ ဒီနေရာမှာ မှတ်သားသိမ်းစည်းပါတယ်၊
custom ROM ထည့်ထားတုန်းက အခြေအနေကို ပြန်ရောက်သွားမယ်ပေါ့ ( Custom ROM install လုပ်ထားခဲ့ရင်ပြောပါတယ်)

ဒီ ပိုစ့် ကို pdf ဖိုင် အနေနဲ့ ဒေါင်းချင်ရင် အောက်က လင့်မှာ ဒေါင်းနိုင်ပါသည်...

Brighter Myanmar မှပြန်လည်ကူးယူဖေါ်ပြပါသည်.....

Continue reading →
Friday, 21 March 2014

Android Rooting ဘယ်လိုလုပ်သလဲ

0 comments
Android Rooting ဘယ်လိုလုပ်သလဲ

Android ဖုန်းတွေဘယ်လို root လုပ်သလဲဆိုတာကို Brighter Myanmar အဖွဲ့ကရေးထားတာလေးကိုပြန်လည်မျှဝေလိုက်ပါတယ်... ကျွန်တော်အပါအဝင် Android ဖုန်းကိုင်ဆောင်သူတော်တော်များများဟာ.. Android ဖုန်းကို Root လုပ်တယ်ဆိုတာကို Application တွေသုံးပြီးလုပ်တယ်... Software တွေနဲ့လုပ်တယ်ဆိုတာလောက်ပဲသိကြပါတယ်..  အဲ့ဒါကို Brighter Myanmar အဖွဲ့ကဘယ်လိုရေးထားတယ်ဆိုတာအောက်မှာဆက်ဖတ်ကြည့်ကြပါခင်ဗျာ..  PDF ဖိုင်အဖြစ်လိုချင်ရင်တော့ ဒီမှာ  ဒေါင်းပါ...
Continue reading →