Thursday 20 March 2014

Samsung Galaxy Duos GT-19082L မှာ root သွင်းပြီး myanmar font နဲ့ keyboard သွင်းနည်း

0 comments
Samsung Galaxy Duos GT-19082L ဖုန်းမှာကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးတော့အဆင်ပြေလို့တင်ပေးလိုက်ပါတယ်.... အရမ်းကိုလွယ်ကူတဲ့နည်းလေးဖြစ်ပါတယ်.. လုပ်ပုံလုပ်နည်းကိုလဲအောက်မှာအပုံနှင့်တကွသေချာရှင်းပြထားပါတယ်...

ပထမဆုံး ဖုန်းကို root လုပ်ရန်အတွက် Apk ဖိုင်ကို ဒီမှာ  ဒေါင်းပါ...
ဒေါင်းပြီးပါက ဖုန်းမှာ install လုပ်ပါ.... ပြီးရင် အဲ့ဒီ App ကိုဖွင့်ပါ....
ပုံမှာပြထားတဲ့အတိုင်း Start Root ဆိုတာလေးကိုနှိပ်ပါ... သူဘာသာ root လုပ်သွားပါလိမ့်မယ်... ပြီးရင် MM Aio Font Changer 1.0 ကို install လုပ်ရန်  ဒီမှာ ဒေါင်းပါ... ပြီးရင် install လုပ်ပါ.. install လုပ်ပြီးပါက App ကိုဖွင့်ပါ...

ကျွန်တော့ဖုန်းက Android Version 4.2.2 ဖြစ်တဲ့အတွက် အလယ်က Android 4.0 မှ 4.2 အထိမြန်မာဖေါင့်ချိန်းရန် ဆိုတာကိုရွေးပါတယ်.. ပြီးရင် ဇော်ဂျီ နဲ့ Smart ဇော်ဂျီ ဆိုတာထဲကတစ်ခုခုကိုရွေးပါ.. ကျွန်တော်ကတော့ဇော်ဂျီဆိုတာကိုဘဲရွေးပါတယ်.. ပြီးရင် XML Method ကိုနှိပ်ပါ... အဲ့ဒါပြီးရင်တော့မြန်မာဖောင့်ကတော့အဆင်ပြေပါပြီး.. ကဲအခုလုပ်ရမှာတော့ Keyboard သွင်းရမှာဘဲဖြစ်ပါတယ်... Keyboard အတွက် Apk ဖိုင်ကို  ဒီမှာ ဒေါင်းပါ.... ပြီးရင် install လုပ်ပါ... 
install လုပ်ပြီးပါက Setting ထဲကနေ Language and input ထဲကနေ Keyboards and input methods မှာအပုံမှာပြထားသလို Mone Tine Keyboard ကိုရွေးပြီး Set up input methods ကိုရွေးလိုက်ပါ... အဲ့ဒါဆိုအားလုံးအဆင်ပြေပါပြီးခင်ဗျာ... အားလုံးလဲအဆင်ပြေမယ်လို့ယုံကြည်ပါတယ်... 
ကျွန်တော့ရဲ့ကိုယ်ပိုင်ဘလော့များဖြစ်တဲ့ MMITShare နဲ့   နည်းပညာခရီးသည်ကိုလဲအလည်လာခဲ့ပါအုံးလို့ဖိတ်ခေါ်လိုက်ပါတယ်...

Leave a Reply